အရှေ့ပိုးကရင်လူမျိုးတို့၏ ဝိညာဥ်လိပ်ပြာကောင် အယူအဆနှင့် လက်ချည်သောဓလေ့ 

အရှင်ပညာသာမိ၏ “ မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဥ်ကျေးမှုဓလေ့ထုံးစံနှင့် စာပေ၊ စာမျက်နှာ ၆၆-၇၂၊ အခန်း (၃) ရိုးရာဓလေ့ထုံးစံ၊ ၃(က)။ လူနေမှုဓလေ့ထုံးစံ၊ ၃(က-၄)။​ ဝိညာဥ်လိပ်ပြာကောင် အယူအဆနှင့် လက်ချည်သောဓလေ့” မှပြန်လည်ရေးသားဖော်ပြခြင်းဖြစ်သည်။ ပိုးကရင်လူမျိုးတို့သည် လူ၏ခန္ဓာကိုယ်တွင်ကပ်၍ ဝိညာဥ်လိပ်ပြာကောင်ရှိသည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာဝင်များဖြစ်သည့်တိုင်အောင် ဘိုးဘွားစဥ်ဆက် စွဲမြဲယုံကြည်လာခဲ့ကြသည်။ ပိုးကရင်ဘာသာဖြင့် ‘အဝီးအလာ’ ဟုခေါ်သော ဝိညာဥ်လိပ်ပြာကောင်သည် မိမိခန္ဓာကိုယ်နှင့် အမြဲမပြတ် နေထိုင်နေမှသာ ထိုသူသည် ကျန်းမာသန်စွမ်း၍ အသိပညာ တိုးပွားနိုင်သည်။ ဝိညာဥ်လိပ်ပြာကောင်သည် အကြောင်းတစ်ခုခုကြောင့် ခန္ဓာကိုယ်မှ ထွက်ခွာသွားပါက ထိုသူသည် လိပ်ပြာလွင့်စဥ်ပြီး ဖျားနာတတ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ပိုးကရင်လူမျိုးတို့သည် ရုတ်တရက် လန့်ဖျပ်သွားပါက တိုးတိုးတိတ်တိတ် အသံထွက်၍ဖြစ်စေ၊ စိတ်ထဲတွင်ဖြစ်စေ ‘ပလူးဝီးလာ ဟှယ့်ထိုင်ၯယ့်ထိုင်’၁ ဟုရွတ်တက်ကြသည်။ ၁။ … Continue reading အရှေ့ပိုးကရင်လူမျိုးတို့၏ ဝိညာဥ်လိပ်ပြာကောင် အယူအဆနှင့် လက်ချည်သောဓလေ့